Labels

Saturday, October 31, 2009

အထီးကျန်နေသောဘုရား


ကျောင်းဆင်းတော့ ညနေ ၆ နာရီ ၄၅ မိနစ်ရှိ ပြီး မှောင်စပြုနေလို့ လမ်းမီး ၀ါဝါတွေ ထိန်နေ ပါပြီ။ ကျောင်းဆောင် ထဲက ထွက်လိုက် တာနဲ့ ဆောင်းဦးရဲ့ ချမ်းချမ်း စိမ့်စိမ့် လေးအေးက မျက်နှာကို ထိတိုက်တဲ့ အခါ အမည်တပ် မရတဲ့ ကြည်နူးမှု တစ်ခု ခံစားခဲ့ ရတယ်။ စာသင်ခန်း ထဲမှာ မွန်းကျပ် ခဲ့ရ သမျှတွေ ပြေပျောက် သွားတယ်။ စာသင်ခန်း ထဲမှာ ဆွေးနွေး ခဲ့ကြတဲ့ ဇီအုန်သမီး အကြောင်း ကတော့ အတွေး ထဲက ထွက်မသွား သေးဘူး။ ပရောဖက်က ဘုရား သခင် လာတော့မယ့် အကြောင်း ဇီအုန် သမီးကို သတိပေး စကား ဆိုတယ်။ “သင့်ရဲ့ကယ်တင်ရှင် သင်ရှိရာ လာလိမ့်မယ်၊ သင့်အတွက် ကယ်တင်ခြင်း ယူဆောင် ခဲ့ပေးမယ် အသင့် ပြင်ထားပါ”တဲ့ . . . ။
ဘုရား သခင်နဲ့ လူတွေရဲ့ ဆက်နွယ် မှုက လူ့သမိုင်း အဆက် ဆက်က ရှိခဲ့ တာပါ။ ဘုရားက လူတွေ ရှိရာကို လာတယ်။ လူတွေက ဘုရား သခင် ဆီကနေ ထွက်ပြေး ကြတယ်။ ဒုက္ခတွေ တစ်ပုံကြီး တွေ့တော့မှ “ဘုရား သခင် ဆိုတာ ရှိရင် ဘာဖြစ်လို့ ဒီလို မကောင်း ဆိုးဝါးတွေ ဖြစ်ရတာလို့” ဘုရားကို အပြစ် စကား ဆိုတယ်။

ဒီအတွေး တွေနဲ့ ခြေခြင်း တိုက်မိအောင် များတဲ့ လူအုပ်ထဲ လျှောက်လာ ဆဲမှာ မှန်တံခါး တစ်ပေါက် ကနေ မီလင်း နေတဲ့ အခန်း ကျယ်တစ်ခု ဘေးရောက် နေတာ သတိ ထားမိ လိုက်တယ်။ အထဲကို ကြည့်မိတော့ ဘုရား ကျောင်းတစ်ခု ဖြစ်နေတာ တွေ့လိုက်တယ်။ ကိုယ်တော်မြတ် စက္ကရမင်းတူး ထုတ်ထား တာလည်း သတိ ပြုမိတာနဲ့ လူတွေ ကြားက ဖြတ်တိုးပြီး ဘုရား ကျောင်းထဲ ၀င်ခဲ့ ပါတယ်။ လမ်းပေါ်မှာ လူတွေ တိုးမပေါက် အောင်များ နေပေမဲ့ ဘုရား ကျောင်းထဲမှာ တိတ်ဆိတ်နေပြီး ခါးကိုင်း နေပြီ ဖြစ်တဲ့ သီလရှင် အိုကြီး နှစ်ပါး ကိုသာ တွေ့ရပါတယ်။

“ဘုရား သခင် အထီး ကျန်နေတယ်” အဲဒီ အတွေးက ကျွန်တော့် ရင်ထဲကို ဘယ်လို ရောက်လာမှန်း မသိ လိုက်ပါဘူး။ ဘုရား ကျောင်း ဘေးမှာ ဖြတ်လျှောက် သွားသူတွေ ၀င်လာဖို့ မစဉ်းစား မိကြ တာလား၊ မစဉ်းစား နိုင်တာ လား၊ မစဉ်းစား တတ်ကြ တာ လား။ ဘုရား သခင်က လူတွေ အလယ်မှာ ရှိနေပြီ၊ ရောက်နေပြီ။ ဒါပေမဲ့ လူတွေ ကတော့ ဖုတ်လေသည့် ငပိ ရှိတယ်လို့တောင် မထင်တတ် ကြတော့ ပါလား။ လင်းလက် နေတဲ့ မီရောင် အေက်က ဘုရား စင်ပေါ်မှာ တည်ရှိ နေတဲ့ ကိုယ်တော်မြတ် စက္ကရမင်းတူးကို ကြည့်ပြီး ကားတိုင် ပေါ်မှာ တွဲလွဲ ကျနေတဲ့ သခင် ယေဇူးကို မြင်ယောင်ပြီး သနား နေမိ ခဲ့တယ်၊ ၀မ်းနည်း နေမိ ခဲ့တယ်။
“ဘုရားသခင် အထီးကျန်နေဆဲပါ”။ “ဘုရားသခင် ကျွန်တော်တို့ အတွက် အသေခံ နေဆဲပါ”

Wednesday, October 21, 2009

အတ္တခရီး


အတ္တခရီး

ကမ်းမမြင်
လမ်းအစဉ်ပျောက်

ထင်တိုင်းမပေါက်တဲ့
ခရီးတစ်လျှောက်ပါ

ပန်းတိုင်သည် မောဟ
စီးသည့်ယဉ် လောဘ . . . ဖြစ်နေတော့

ရောက်တိုင်း ပျောက်သည့်ပန်းတိုင်
နီးလာတိုင်း ဝေးသည့် အဆုံးမဲ့ခရီး . . . ။

ဖြုတ် . . . ဘုတ်



အနတ္တ

ပန်းတစ်ပွင့်
ကြွေသွားတယ် . . . ဖြုတ်

မြေပေါ်ကို
ကျသွားတယ် . . . ဘုတ်

မတည်မြဲတဲ့
လောကကြီးရဲ့ . . . ပြယုဂ်။